ချင်းပြည်နယ်‌

Jump to navigation Jump to search
ချင်းပြည်နယ်
ပြည်နယ်
မြို့တော် ဟားခါးမြို့
မြို့တော် ဟားခါးမြို့
ချင်းပြည်နယ်၏ အလံတော်
အလံတော်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°0′N 93°30′E / 22.000°N 93.500°E / 22.000; 93.500ကိုဩဒိနိတ်: 22°0′N 93°30′E / 22.000°N 93.500°E / 22.000; 93.500
နိုင်ငံ  မြန်မာ
ဒေသ အနောက်ပိုင်း
မြို့တော် ဟားခါးမြို့
အစိုးရ
 • ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် (NLD)
 • အစိုးရ ချင်းပြည်နယ် အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော် ချင်းပြည်နယ် လွှတ်တော်
 • တရားလွှတ်တော် ချင်းပြည်နယ် တရားလွှတ်တော်
ဧရိယာ[၁]
 • စုစုပေါင်း ၃၆၀၁၈.၈ စတုရန်းကီလိုမီတာ (၁၃၉၀၆.၉ စတုရန်းမိုင်)
ဧရိယာအဆင့်
လူဦးရေ (၂၀၁၄)[၂]
 • စုစုပေါင်း ၄၇၈,၈၀၁
 • အဆင့် ၁၄
 • သိပ်သည်းမှု ၁၃/km (၃၄/sq mi)
Demographics
 • လူမျိုးများ ချင်း
 • ကိုးကွယ်မှု ခရစ်ယာန်ဘာသာ ၈၅.၄%
ထေရဝါဒ ဗုဒ္ဓဘာသာ ၁၃%
Laipian ၁.၁%
ရိုးရာ ၀.၄%
အစ္စလာမ်ဘာသာ ၀.၁%
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+06:30)

ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) ရှိပြီး တောင်ဖက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဖက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဖက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း

ချင်းပြည်နယ်‌သည် ၁၃,၉၀၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေကျဲသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ်မကွေးတိုင်းစစ်ကိုင်းတိုင်းအိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ မှ ၂၄ ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ် မှ ၉၄ ဒီဂရီ အတွင်း တည်ရှိသည်။

ရာသီဥတု

တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းမြသော ရာသီဥတုရှိသည်။ အပူဆုံးသောလမှာ ဧပြီ နှင့် မေလများဖြစ်ပြီး ပျှမ်းမျှမအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် မှ ၇၀ ဒီဂရီဖာရင်ဟိုက် သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်ပါသည်။

ပျှမ်းမျှ မိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့်တောင်ပိုင်းဒေသများမှာ မိုးပိုများတက်ပါသည်။

မြို့တော်

ချင်းပြည်နယ်‌၏ မြို့တော်မှာ ဟားခါးဖြစ်သည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

ချင်းပြည်နယ်တွင် ခရိုင် (၃)ခု ရှိသည်။

  1. ဖလမ်းခရိုင်
  2. ဟားခါးခရိုင်
  3. မင်းတပ်ခရိုင်

မြို့နယ်(၉)ခု ၊ မြို့ (၁၅)မြို့ ၊ ရပ်ကွက် (၄၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၉) အုပ်စု နှင့် ရွာပေါင်း (၁၃၆၃) ရွာ ရှိပါသည်။ [၃]

အခြား မြို့ရွာများ

  • အိုက်ကား
  • ကျီခါး
  • လက်မေ
  • ထန်တလန်
  • ထုတ်လိုင်
  • ကန်ပက်လက်
  • လိုထော်
  • လုံလဲ
  • မတူပီ
  • ငဖိုင်းပီ
  • ပလက်ဝ
  • ပျဉ်ဝ
  • ဖို့ဝှိုက်
  • ရွာဖန်း
  • ဆမီး
  • ဆူရ်ခွား
  • တေဇန်
  • သိုင်းငင်း
  • တီးတိန်
  • တွန်းဇံ
  • ဝေဘူလ
  • ဆဘောင်တေး
  • ရိဒ်ခေါဒါရ်
  • လုမ်ဘန်
  • ဆတ်တား
  • ဘွာလ်ခွါး
  • တာရွှန်း
  • လုမ်ပီး
  • လိုင်ဇိုး
  • ဖိုင်ဖူ အေ (ဖိုင်ဖား အေ)
  • ဖိုင်ဖူ ဘီ (ဖိုင်ဖား ဘီ)
  • ရေဇွာ
  • ဒင်လာအိုပါး (ဒင်လိုပါး)
  • ခပီး
  • လုံးရန်
  • ဟာအိုဆဲင်
  • လုံခင်း
  • ဘွာန်လုံး
  • လောက်လုံး
  • ရမ်ထလို
  • ဟရင်ထန်း
  • ပါရ်သဲ
  • ဗာရ်း

စိတ်ဝင်စားဖွယ်နေရာများ

  • ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထွဋ်ဖြစ်​သော ဝိတိုရိယ (ခေါ်) နတ်မတောင် (ခေါ်)

ခေါ်​နူးစုမ်တောင်ထိပ်

ဆက်သွယ်ရေး

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

ဒေသထွက်ကုန်များ

ချင်းပြည်နယ် ထွတ်ကုန် သီးနှံများမှာ ပြောင်းဖူး၊ပဲ

တွင်းထွက်များ

အောက်ပါတို့မှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေငြာထားသော ချင်းပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်ပါသည်။

စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက်
စိုက်ပျိုးမြေဧရိယာ ဧက ၃၃၁၉၅၃
ဆည်တမံ ခု
ကြိုးဝိုင်းတော စတုရန်းမိုင် ၆၄၅.၁၀
ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၁၃၃၅.၂၀
ကားလမ်း မိုင် ၁၆၇၀
ပေ ၁၈၀အထက် တံတား စင်း
စာတိုက်စခန်း ခု ၅၂
ကြေးနန်းရုံး ရုံး ၂၄
တယ်လီဖုန်းရုံး ရုံး ၃၀
၁၀ မိုက္ကရိုဝေ့ဖ်စခန်း ခု
၁၁ ရေအားလျှပ်စစ်စက်ရုံ ရုံ ၁၀
၁၂ တက္ကသိုလ်/ကောလိပ် ခု
၁၃ နည်းပညာတက္ကသိုလ် ခု
၁၄ ကွန်ပျူတာတက္ကသိုလ် ခု
၁၅ အခြေခံပညာကျောင်း ကျောင်း ၁၁၈၃
၁၆ စက်မှုလက်မှုသိပ္ပံကျောင်း ကျောင်း
၁၇ ဆေးရုံ ရုံ ၂၄

[၅]

ကိုးကား

  1. Union of Myanmar။ City Population။ 2009-04-10 တွင် ပြန်စစ်ပြီး။
  2. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၄၇။ 
  3. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  4. D.P.S. MYANMAR GUIDE MAP. 2000.
  5. Myanmar.com
  • မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်





The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.