တနင်္သာရီတိုင်းဒေသကြီး

Jump to navigation Jump to search
တနင်္သာရီတိုင်းဒေသကြီး
တိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး၏ အလံတော်
အလံတော်
တနင်္သာရီတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ
ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E / 13.000; 98.750ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E / 13.000; 98.750
နိုင်ငံ မြန်မာ
ဒေသတောင်ပိုင်း
မြို့တော်ထားဝယ်မြို့
အစိုးရ
 • ဝန်ကြီးချုပ်ဦးမြင့်မောင် (NLD)
 • အစိုးရအဖွဲ့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၄၃၃၄၄.၉ စတုရန်းကီလိုမီတာ (၁၆၇၃၅.၆ စတုရန်းမိုင်)
ဧရိယာအဆင့်ပဉ္စမ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၁,၄၀၈,၄၀၁
 • အဆင့်၁၂
 • သိပ်သည်းမှု၃၂/km (၈၄/sq mi)
Demographics
 • လူမျိုးစုများထားဝယ်ဗမာဆလုံရခိုင်မွန်ကရင်
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၈၇.၅%၊ ခရစ်ယာန် ၇.၂%၊ အစ္စလာမ် ၅.၁%၊ ဟိန္ဒူ ၀.၁%
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM-05
HDI (၂၀၁၇)၀.၅၅၂[၂]
အလယ် · အဋ္ဌမ

တနင်္သာရီတိုင်းဒေသကြီး (အင်္ဂလိပ်: Tanintharyi Regionမွန်: ဏၚ်ကသဳ သို့မဟုတ် တနၚ်ဩဳ၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ အောက်ဖက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁[၁] ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း

တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ အက်ဒမန်ပင်လယ်ထိုင်းနိုင်ငံကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။

ရာသီဥတု

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိပါသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

တနင်္သာရီတိုင်းဒေသကြီးမြေပုံ

|တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၃) ခုရှိသည်။

  1. ထားဝယ်ခရိုင်
  2. မြိတ်ခရိုင်
  3. ကော့သောင်းခရိုင်

မြို့နယ် (၁၀)ခုရှိသည်။ ထားဝယ်ခရိုင်တွင် ထားဝယ်မြို့နယ်လောင်းလုံမြို့နယ်သရက်ချောင်းမြို့နယ်ရေဖြူမြို့နယ်

မြိတ်ခရိုင်တွင် မြိတ်မြို့နယ်ကျွန်းစုမြို့နယ်ပုလောမြို့နယ်တနင်္သာရီမြို့နယ်

ကော့သောင်ခရိုင်တွင် ကော့သောင်းမြို့နယ်ဘုတ်ပြင်းမြို့နယ်


မြို့ပေါင်း (၁၆)မြို့၊ ရပ်ကွက်ပေါင်း (၈၃) ကွက်၊ ကျေးရွာအုပ်စု (၂၆၄) အုပ်စုနှင့် ရွာပေါင်း (၁၂၃၀)ရွာ ရှိသည်။ [၃]

အခြား မြို့ရွာများ

စိတ်ဝင်စားဖွယ်နေရာများ

[၄]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

စာပေ

ထားဝယ်လူမျိုးမော်ကင်းလူမျိုး သည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေနှင့် လူမျိုးများတွင် တရားဝင်စာပေ မရှိသေးပါ။ စာပေတစ်ရပ် ပေါ်ပေါက်လာစေရန် အားထုတ်လျက်ရှိ ပါသည်။

ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့

ထားဝယ်၊ မော်ကင်း လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြပါသည်။ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်ပါသည်။

ဒေသထွက်ကုန်များ

တွင်းထွက်များ

ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။

ကိုးကား

  1. ၁.၀ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၄။ 
  2. Sub-national HDI - Area Database - Global Data Lab (in en)။
  3. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  4. D.P.S. MYANMAR GUIDE MAP. 2000.
  5. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.