တိုက်ကြီးမြို့

Jump to navigation Jump to search
တိုက်ကြီးမြို့
တိုက်ကြီးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တိုက်ကြီးမြို့
တိုက်ကြီးမြို့
တိုက်ကြီးမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°30′0″N 96°2′0″E / 17.50000°N 96.03333°E / 17.50000; 96.03333ကိုဩဒိနိတ်: 17°30′0″N 96°2′0″E / 17.50000°N 96.03333°E / 17.50000; 96.03333
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
မြို့ ရန်ကုန်
မြို့နယ် တိုက်ကြီး
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၂၇၇,၁၆၅[၁]

တိုက်ကြီးမြို့သည် ရန်ကုန်မြို့၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ အင်းစိန်ခရိုင် တိုက်ကြီးနယ်နှင့် တိုက်ကြီးမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ပေါ်တွင် တည်ရှိ‌သောမြို့ ဖြစ်သည်။ ရန်ကုန်မြို့မှ အ‌နောက်‌မြောက်ဘက်သို့ ရထားလမ်းဖြင့် ၄၂ မိုင်မျှကွာ‌ဝေးသည်။ မြို့အ‌နေအထားမှာ မကြီးလှ‌သော်လည်း နယ်ကျယ်၍ လမ်းဆုံ‌ဒေသဖြစ်‌သော‌ကြောင့် အ‌ရောင်းအဝယ် စည်ကားသည်။ ရန်ကုန်မြို့ကို ‌ရေပေး‌သော ဂျိုးဖြူသို့ တိုက်ကြီးမှကားလမ်း ‌ဖောက်ထားသည်။ တိုက်ကြီးနယ်တွင် တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ပါဝင်ကြ၏။ တိုက်ကြီးမြို့ လူဦး‌ရေမှာ ၂၀၁၄ ခုနှစ် သန်း‌ခေါင်စာရင်းအရ ၂၇၇,၁၆၅ ‌ယောက် ရှိ‌လေသည်။ [၂]

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၃၁, retrieved February 25, 2015 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.