ထမန်းလူမျိုး

Jump to navigation Jump to search

ထမန်းလူမျိုးသည် တိဗက် မြန်မာအစုဝင် သက်အုပ်စုခွဲတွင် ပါဝင်၍ မြန်မာနိုင်ငံအထက် ချင်းတွင်းခရိုင်၏မြောက်ဘက် ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေတို့ ဆုံရာဒေသတွင် နေထိုင်ကြသည်။ လူဦးရေ ၁ဝဝဝ ခန့်ရှိ၏။ ထမန်းတို့ပြောဆိုသော စကားသည် ကချင်စကား၊ နာဂစကားတို့နှင့် အဆက်အစပ် ရှိသည်ဟု ယူဆရ၏။

သို့ရာတွင် ကဒူးစကားကဲ့သို့ပင် ရှမ်းနှင့်ချင်းတို့၏ အငွေ့အသက်မကင်းသည်ကို တွေ့ရ၏။ လူမျိုး အဆက်အနွယ်အားဖြင့် ကဒူးတို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရ၏။ ထမန်းလူဦးရေမှာ နည်းပါးလှပေရာ ထမန်းရွာဟူ၍ နာဂတောင်တန်းခရိုင် ဟုမ္မလင်းနယ်တွင် ထမန်သည် တစ်ရွာတည်းသာရှိ၏။ သို့သော် အထက်ချင်းတွင်းခရိုင်၏ မြောက်စူးစူးရှိ ရွာကလေးများ၌လည်း ထမန်းလူမျိုးအနည်းငယ်ကို တွေ့ရလေသည်။

သမန်းကျား(သို့)ထမန်းကျား

ထမန်းတို့သည် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းလဲ၍ မိမိတို့ပိုင်ပစ္စည်းများကို ခိုးယူသူတို့အား ဒုက္ခပေးလေ့ ရှိကြောင်းကို ယခင်အထက်ချင်းတွင်းခရိုင်ဝန်ဖြစ်ခဲ့ဘူးသူ မစ္စတာ ဂရန့်ဗရောင်းဆိုသူက ၁၉ဝ၈ ခုနှစ်၌ စာအုပ်ရေးသား ထုတ်ဝေခဲ့ဘူးလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.