ထရမ်းပက်

Jump to navigation Jump to search
ထရမ်းပက်
Trumpet 1.jpg
ဘီဖလက် ထရမ်းပက်
ကြေးလေမှုတ် တူရိယာ
အမျိုးအစား

ကြေးလေမှုတ်

ထရမ်းပက်ဟူသော ခရာမျိုးမှာ အလျား ၈ပေရှိ၍ အဝကျယ်မှာ ၃/၈ လက်မ( ၃မူး ) မျှသာ ရှိသည်။ အဖျားဖက်သို့ ခေါင်းလောင်းပုံ ကားနေသည်။ ထိုမျှ အလျားရှည်သော ပြန်တံကို ကိုင်ရလွယ်အောင် ကွေး၍ ခွေထားသည်။ ယင်းသို့ ကွေးထားခြင်း၊ သို့မဟုတ် ဝိုင်းခွေထားခြင်းဖြင့် ထရမ်းပက်ကို မှုတ်ရာ၌ ပင်ကိုယ်သံ မပျက်နိုင်ပေ။ ထရမ်းပက်တွင် ပြွန်တံပေါက်ကျည်း၍ အလျားရှည်သဖြင့် မှုတ်သည့်အခါ၌ ကြည်လင် စူးရှသော အသံမျိုး ထွက်ပေါ်လာသည်။ အခင်များမရှိသဖြင့် ခလုပ်များ မလိုပေ။ မှုတ်သူသည် လေယူလေသိမ်း မှန်မှလာသျှင် အသံကို လိုသလိုနှိမ့်ချည်၊ မြှင့်ချည် ထုတ်နိုင်သဖြင့် အမှုတ်ရ ခက်သည်။ ထို့ပြောင့် ထရမ်းပက်အစား လက်နှိပ်ခလုပ်ပါသော ကောနက်ခရာတိုမျိုးကို အသုံးပြုကြသည်။ ထိုခရာမှာ တူရိယာဝိုင်းတွင် အရွယ်အားဖြင့် အသေးငယ်ဆုံး တူရိယာ ဖြစ်သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.