နေပြည်တော် ပြည်ထောင်စုနယ်မြေ

Jump to navigation Jump to search
နေပြည်တော် ပြည်ထောင်စုနယ်မြေ
ပြည်ထောင်စုနယ်မြေ
Naypyidaw Union Territory
State seal of Myanmar.svg
နေပြည်တော် ပြည်ထောင်စုနယ်မြေ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နေပြည်တော် ပြည်ထောင်စုနယ်မြေ
နေပြည်တော် ပြည်ထောင်စုနယ်မြေ
နေပြည်တော် ပြည်ထောင်စုနယ်မြေ တည်နေရာ
ကိုဩဒိနိတ်: 19°45′0″N 96°6′0″E / 19.75000°N 96.10000°E / 19.75000; 96.10000
နိုင်ငံ  မြန်မာ
ဒေသ မြန်မာနိုင်ငံ အလယ်ပိုင်း
မြို့တော် နေပြည်တော်
အစိုးရ
 • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်
 • မြို့တော်ဝန်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်
လူဦးရေ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း)
 • စုစုပေါင်း ၁,၁၅၈,၃၆၇
အချိန်ဇုန် မြန်မာ စံတော်ချိန် (UTC+၆:၃၀)
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးနယ်မြေဒေသများ
ပထမ အဆင့်
ဒုတိယ အဆင့်
တတိယ အဆင့်
စတုတ္ထ အဆင့်
ပဉ္စမ အဆင့်

နေပြည်တော် ပြည်ထောင်စုနယ်မြေ (အင်္ဂလိပ်: Naypyidaw Union Territory)သည် မြန်မာနိုင်ငံ၏ အဓိကအကျဆုံးသော အုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော် တည်ရှိရာ နယ်မြေဖြစ်သည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

နေပြည်တော် ပြည်ထောင်စုနယ်မြေကို အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။[၁] ခရိုင် (၂)ခု ရှိသည်။

  1. ဒက္ခိဏခရိုင်
  2. ဥတ္တရခရိုင်

မြို့နယ် (၈) ခုရှိသည်။ ဒက္ခိဏခရိုင်တွင်

  1. ဇမ္ဗူသီရိမြို့နယ်
  2. ဒက္ခိဏသီရိမြို့နယ်
  3. ပျဉ်းမနားမြို့နယ်
  4. လယ်ဝေးမြို့နယ်

ဥတ္တရခရိုင်တွင်

  1. ဇေယျာသီရိမြို့နယ်
  2. တပ်ကုန်းမြို့နယ်
  3. ပုဗ္ဗသီရိမြို့နယ်
  4. ဥတ္တရသီရိမြို့နယ်

မြို့ပေါင်း (၈)မြို့၊ ရပ်ကွက်ပေါင်း (၅၇)ကွက်၊ ကျေးရွာအုပ်စု (၁၈၇) အုပ်စု၊ ရွာပေါင်း (၇၉၅) ရွာ ရှိသည်။ [၂]

အုပ်ချုပ်ရေး

နေပြည်တော် ပြည်ထောင်စုနယ်မြေသည် နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ နေပြည်တော်ကောင်စီကို ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦးနှင့် ကောင်စီဝင် ကိုးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။[၃]

ကိုးကား

  1. District Map - Nay Pyi Tawမြန်မာ သတင်း အချက်အလက် စီမံ ခန့်ခွဲမှုယူနစ် (MIMU) (၂၃ အောက်တိုဘာ ၂၀၁၇)။ ၁၉ ဒီဇင်ဘာ ၂၀၁၇ တွင် ပြန်စစ်ပြီး။
  2. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  3. နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း။ နိုင်ငံတော်သမ္မတရုံး (၃၀ မတ် ၂၀၁၁)။


The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.